Terms & Conditions

ဖော်ပြပါ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များသည် Starfish Myanmar Microfinance မှ ဆောင်ရွက်လျှက်ရှိသော Starfish Microfinance Application ကိုအသုံးပြုခြင်းအတွက် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ Starfish Microfinance Application အား အသုံးပြုသူများအားလုံးသည် ဖော်ပြထားသောစည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များကို လက်ခံသဘောတူထားသည်ဟု သတ်မှတ်ပါသည်။

Application Visitor

  • Starfish Microfinance Application အား Account Registration မပြုလုပ်ဘဲ Visitor အနေဖြင့် ဝင်ရောက်ကြည့်ရှုလိုသူများနေဖြင့် Starfish Microfinance Application မှ Pubic ဖော်ပြထားသော Information များအားလုံးကို ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပြီး အကယ်၍ လူကြီးမင်းမှ Starfish Microfinance App တွင် ပါရှိသော ဝန်ဆောင်မှုများကို အသုံးပြုလိုပါက Account Registration ပြုလုပ်ရပါမည်။
Registration ပြုလုပ်ခြင်း

  • အသက် (၁၈) နှစ် အထက်ရှိမည်သူမဆို Starfish Microfinance Application တွင် Account Registration ပြုလုပ်နိုင်ပါသည်။
  • Registration ပြုလုပ်ရာတွင် မိမိဖုန်းနံပါတ်ဖြင့် Registration ပြုလုပ်နိုင်ပါသည်။ Registration Form ရှိ တောင်းထားသော အချက်အလက်များအား  ပေးသွင်း၍ လျှောက်ထားရပါမည်။ ထိုသို့ အချက်အလက်များတောင်းခံရခြင်း၏ ရည်ရွယ်ချက်မှာ ကျွနိုပ်တို့ အနေဖြင့် KYC အရ လူကြီးမင်းတို့၏ Identity ကို အတည်ပြုနိုင်ရန် နှင့် လူကြီးမင်းတို့၏ အကောင့် အချက်အလက်များ ပျောက်ဆုံးခြင်း၊ သို့မဟုတ် အကောင့်ပိတ်လိုသည့်အခါမျိုး တွင် မှန်ကန်ကြောင်း အတည်ပြုသည့်အခါ လိုအပ်သည့်အပြင် လူကြီးမင်းတို့၏ သုံးစွဲမှု အပေါ်မူတည်၍ ကျွနိုပ်တို့ဘက်မှ မေတ္တာ လက်ဆောင်များ ပြန်လည်ပေးအပ်သည့် အစီအစဉ်များတွင် ပါဝင်နိုင်ရန် အတွက် အချက်အလက်များ တောင်းယူခြင်းဖြစ်ပါသည်။
  • လူကြီးမင်းအသုံးပြုသော ဖုန်းနံပါတ်မှာ လက်ရှိအသုံးပြုနေသော (သို့) ဆက်သွယ်၍ရသော ဖုန်းနံပါတ်ဖြစ်ရပါမည်။
  • Starfish Microfinance Application ကို Andriod ဖုန်းများဆိုလျှင် Playstore တွင်လည်းကောင်း ၊ IOS ဖုန်းများဆိုလျှင် App Store တို့တွင် အခမဲ့ Download ရယူနိုင်ပါသည်။
  • Starfish Microfinance Application တွင် ထည့်ထားသော လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များမှာ မှန်ကန်တိကျပြီး ပြည့်စုံမှု့ရှိရပါမည်။
  • Registration ပြုလုပ်ရာတွင် ကိုယ်ပိုင်နံပါတ် Password or PIN (Personal Identification Number) ကိုသတ်မှတ်ခိုင်းမှာ ဖြစ်ပါတယ်။ လူကြီးမင်း Password or PIN နံပါတ် အား လုံခြုံစွာ သိမ်းဆည်းထားမှသာ လူကြီးမင်း၏ အရေးကြီးသော အချက်အလက်များ လုံခြုံမှု ရှိပါမည်။ လူကြီးမင်း၏ Account အား အခြားသူတစ်ဦးဦး သုံးစွဲနေသည်ဟု သံသယရှိပါက ကျွနိုပ်တို့ကိုချက်ချင်း အကြောင်းကြား ဆက်သွယ်ရန် လိုအပ်ပါသည်။
  • Starfish Microfinance Application ကိုအသုံးပြုခြင်းဖြင့် Starfish Microfinance Myanmar ၏ ကုန်ပစ္စည်းများ ၊ Service များနှင့် ပတ်သတ်သောကြော်ငြာများ၊ လက်ကမ်းစာဆောင်များ ၊ နေ့စဉ်ဘဝအတွက် အကျိုးရှိသော သတင်းအချက်အလက်များ ရယူနိုင်မည် ဖြစ်ပါသည်။
  • ဤယခုဖော်ပြထားသော စည်းကမ်းချက်များအပြင် အသုံးပြုသူလမ်းညွှန်တွင် ပါရှိသော စည်းကမ်းချက်များကိုပါ ဝယ်ယူသူမှ ဖတ်ရှု့နားလည် သဘောပေါက်ပြီး ဖြစ်သည်ဟု ကုမ္ပဏီဘက်မှ မှတ်ယူပါသည်။
Account နှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ

  • Application ၏ User Account သည် User များ၏ ကိုယ်ပိုင် ဖုန်းနံပါတ် ဖြင့် ဖွင့်ထားသော Account များ ဖြစ်သည့်အတွက် ဖုန်းပျောက်ဆုံးခြင်း (သို့) Sim Card ပျောက်ဆုံးမှုများ ဖြစ်၍ ဖုန်းနံပါတ် လဲလှယ်မည်ဆိုပါ လူကြီးမင်းတို့၏ မှတ်တမ်းများ ပြန်လည်ရရှိနိုင်ရန် Customer Service သို့ ဆက်သွယ်ပေးရန်လိုအပ်ပါသည်။
  • Customer Service မှ လူကြီးမင်း ၏ အချက်အလက်များ မှန်ကန်ကြောင်း စစ်ဆေးရန် တောင်းဆိုသည့် အချိန်တွင် လူကြီးမင်းဘက်မှ အချက်အလက်များ ပေးအပ်ရမည် ဖြစ်ပါသည်။ သို့မှသာ လူကြီးမင်း Account ပြန်လည် ဖွင့်ပေးရန် အတည်ပြုနိုင်မည် ဖြစ်ပါသည်။
  • လူကြီးမင်း ၏ အကောင့်တွင် ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများရှိပါက Account ဖျက်သိမ်းခွင့် မပြုပါ။ 
  • လူကြီးမင်း၏ Account အား အခြားသူတစ်ဦးဦး သို့ လွှဲပြောင်းပေးခွင့်မရှိပါ။

Starfish Myanmar Microfinance Agent Terms & Conditions
အဓိပ္ပါယ်ဖွင့်ဆိုချက်များ

  • အေးဂျင့် ဆိုသည်မှာ Starfish Myanmar တွင် အေးဂျင့် မှတ်ပုံတင် ပုံစံ ၌ ဖြည့်သွင်းပြီး အေးဂျင့် လျှောက်ထားသူများထဲမှ Starfish Myanmar ဘက်မှ အတည်ပြုပေးထားသော အေးဂျင့်ဆောင်ရွက်ခွင့် ရှိသူကို ဆိုလိုသည်။
  • ဝန်ဆောင်မှုများ ဆိုသည် မှာ Starfish Myanmar မှ ဆောင်ရွက်ပေးမည့် ဝန်‌ဆောင်မှုများကို ဆိုလိုပါသည်။
အေးဂျင့် မှတ်ပုံတင်ခြင်း

  • Starfish Myanmar Application တွင် အေးဂျင့် မှတ်ပုံတင်ရာတွင် သတ်မှတ်ထားသည့် အထောက်အထားများအား ပူးတွဲပေးပို့၍ အေးဂျင့် ပြုလုပ်ရန် မှတ်ပုံတင်သွင်းနိုင်သည်။ Starfish Myanmar Microfinance အတွက် အေးဂျင့် မှတ်ပုံတင်ခြင်းကိုလည်း Starfish Myanmar Application ၏ Agent Portal တ္ငင်သာ ပြုလုပ်ရမည်။
  • သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်လွှာတင်သွင်းသူအား Starfish Myanmar မှ အတည်ပြုပေးလိုက်သည်နှင့် အေးဂျင့်အဖြစ်ဆောင်ရွက်ခွင့် ရရှိမည် ဖြစ်ပါသည်။
အခကြေးငွေများနှင့် ကော်မရှင်ခများ

  • လုပ်ငန်းဆောင်ရွက်ချက် တစ်ခုစီအတွက် သုံးစွဲသူများထံ ကောက်ခံရမည့် နှုန်းထားများကို သတ်မှတ်ထားသည့်အတိုင်း ကောက်ခံရမည်။
  • အေးဂျင့် သို့ ပေးချေရမည့် ကော်မရှင်ခများအား လုပ်ငန်းဆောင်ရွက်ချက် တစ်ခုပြီးတိုင်း အေးဂျင့်၏ Account စာရင်းထဲ သို့ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ထည့်ပေးမည် ဖြစ်သည်။
  • အေးဂျင့်ထံမှ လုပ်ငန်းဆောင်ရွက်ချက်တစ်ခုစီအတွက် Starfish Myanmar နှင့် Starfish Myanmar Micronfiance မှ ရရန်ရှိသော အခကြေးငွေများအား အေးဂျင့်၏ Account စာရင်းထံမှ ခုနှိမ်၍ ရယူခွင့် ရှိသည်။
အေးဂျင့်၏ ဝန်ခံကတိပြုမှုများ

  • အေးဂျင့်သည် အောက်ပါတို့ကိုလိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
  • Starfish Myanmar နှင့် Starfish Myanmar Microfinance မှ ထုတ်ပြန်ထားသော စည်းမျဉ်းသတ်မှတ်ချက်များကို ဆောင်ရွက်လိုက်နာရမည်။
  • ဝန်ဆောင်မှုနှင့် ပတ်သက်သည့်သတင်းအချက်အလက်များ ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သက်ဆိုင်သော မှတ်တမ်းမှတ်ရာများ စသဖြင့် Starfish Myanmar နှင့် Starfish Myanmar Microfinance မှ တရားဝင် ခန့်အပ် သတ်မှတ်ထားသည့် ဝန်ထမ်းမှ အခါအားလျော်စွာ တောင်းခံလာပါက အပြည့်အစုံ တင်ပြပေးရမည်။
  • Starfish Myanmar နှင့် Starfish Myanmar Microfinance ထံသို့ ပြန်လည် ပေးသွင်းရန် တာဝန်ရှိသော ငွေသားများ နှင့် သုံးစွဲသူထံမှ ကောက်ခံရရှိသော ငွေသားများကို တာဝန်ယူထိန်းသိမ်းရန် နှင့် Starfish Myanmar နှင့် Starfish Myanmar Microfinance မှ သတ်မှတ်ထားသော နည်းလမ်းအတိုင်း ပြန်လည်ပေးသွင်းရမည်။
  • Starfish Myanmar နှင့် Starfish Myanmar Microfinance ထံသို့ ပြန်လည် ပေးသွင်းရန် တာဝန်ရှိသော ငွေသားများ တစ်နည်းနည်းဖြင့် ပျောက်ဆုံခြင်း သို့မဟုတ် ခိုးယူခံရခြင်း ဖြစ်ပါက အေးဂျင့် မှ တာဝန်ယူရမည် ဖြစ်ပြီး Starfish Myanmar နှင့် Starfish Myanmar Microfinance ထံသို့ ပေးချေရမည့် စာရင်းပမာဏအတိုင်း ပေးသွင်းရမည်။
  • အေးဂျင့် Account ၏ လျှို့ဝှက်နံပါတ်များ အား မပေါက်ကြားစေရန် သိမ်းဆည်းရမည်။
  • Starfish Myanmar နှင့် Starfish Myanmar Microfinance တွင် ဆောင်ရွက်ထားသည့် လုပ်ငန်းဆောင်ရွက်ချက် စာရင်း အသေးစိတ် အချက်အလက်များအား လျို့ဝှက်ထိန်းသိမ်းရန် နှင့် ပြင်ပ ပုဂ္ဂိုလ် / အဖွဲ့အစည်းများမှ တောင်းခံလာပါက ပြသခြင်း၊ ပေးပို့ခြင်း မပြုရပါ။
အေးဂျင့်မှ ငွေသွင်းခြင်း နှင့် ငွေထုတ်ခြင်း

  • အေးဂျင့် သည် မိမိ၏ Agent Account သို့ ငွေသွင်းလိုပါက ငွေသားအား Starfish Myanmar ၏ သတ်မှတ်ထားသော Bank Account သို့ ငွေသွင်း၍ bankslip အား Cash in payslip တွင် upload ၍ သော်လည်းကောင်း ၊ အေးဂျင့်၏ ဘဏ် အကောင့် မှတစ်ဆင့် လွှဲပြောင်း၍ သော်လည်းကောင်း ငွေသွင်းနိုင်သည်။
  • အေးဂျင့် သည် မိမိ၏ Agent Account ထဲမှ ငွေပြန်ထုတ်လိုပါက သတ်မှတ်ထားသည့် Main Agent ထံသို့ သွား၍ ငွေထုတ်နိုင်ပါသည်။ 
လုပ်ငန်းဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည်များ

  • လုပ်ငန်းဆောင်ရွက်ချက်များ ပြီးမြောက် ပါက လုပ်ငန်းပြီးမြောက်အောင်မြင်ကြောင်း အကြောင်းကြားစာ (Notification Message) ရောက်ရှိလာမည်။
  • အေးဂျင့်သည် လုပ်ငန်းဆောင်ရွက်ချက်တစ်ခုလျှင် သတ်မှတ်ထားသော ပမာဏ ထက်ပိုသော ပမာဏ အား ဆောင်ရွက်ခြင်း မပြုရပါ။
  • အေးဂျင့် မှ မှားယွင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများသည် Agent တွင်သာ တာဝန်ရှိပြီး ဆုံးရှုံးမှုအတွက် Starfish Myanmar တွင် တာဝန်မရှိစေရ။
အေးဂျင့်အဖြစ်မှ ရပ်စဲခြင်း

  • အေးဂျင့်သည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ စည်းကမ်းဖောက်ဖျက်ခြင်း၊ တာဝန်များကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်း သို့မဟုတ် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းစသည်တို့ ရှိခဲ့လျှင် Starfish Myanmar နှင့် Starfish Myanmar Microfinance ၏ ဆန္ဒတစ်ခုတည်းဖြင့် အေးဂျင့်အဖြစ်မှ တာဝန်ရပ်စဲနိုင်ပါသည်။
  • အေးဂျင့် မှ မိမိ၏ ဆန္ဒဖြင့် အေးဂျင့်အဖြစ်မှ ရပ်စဲလိုလျှင် Starfish Myanmar နှင့် Starfish Myanmar Microfinance ထံသို ရက်ပေါင်း (၃၀) ကြိုတင် အကြောင်းကြားရမည်။
  • အေးဂျင့်အဖြစ်မှ ရပ်စဲပါက Starfish Myanmar နှင့် Starfish Myanmar Microfinance နှင့် အေးဂျင့် အကြားကျန်ရှိသည့် ပေးရန်ရရန် အားလုံးကို စားရင်းရှင်းလင်းခြင်း ပြီးဆုံးမှသာ ရပ်စဲနိုင်သည်။